<body>
BitterSweet

http://iwannabenobody.blogspot.com
တစ်မှိတ် တစ်လျှပ်၊ ဆယ်မှိတ် တစ်ခဏ

ဆယ်ခဏ တစ်ခရာ၊ ဆယ်ခရာ တစ်ပြန်

ခြောက်ပြန် တစ်ဗီဇနာ၊ ဆယ်ငါးဗီဇနာ တစ်ပါဒ်

လေးပါဒ် တစ်နာရီ၊ ခြောက်ဆယ်နာရီ တစ်ရက်

မင်းကို လွမ်းတာ အချိန်မလပ်~

(ရှားငယ်)

0 comments

Baby,top. || 10:03 PM
My Tearful Feelings For You
I flip through an old photo album
And whisper, "Thank you"
To the person in my heart
who is always there for me

... On clear days, on rainy days
I think of that smile
Though my memories fade into the distance
I'll look for the traces you left behind
And remember you on a tearful day

I pray to the first star in the night
It's become a habit of mine
Looking up at the evening sky
And searching for you with all my heart

In sadness, in happiness
I think of that smile
If you can see me from where you are
Then I'll live my life
Believing that we'll meet again someday

It's lonely without you
I MISS YOU... (! - !)

Labels:


1 comments

Baby,top. || 11:52 AM
Random Thoughts
Why am I here?

That's the first thought came into my brain when I opened my eyes.
What are all these things?
What is human ?
What is life?
Why am I doing such a thing like studying or working ?
Why does not anything make me interested?
Why I can't love anyone? But that's good...

He who loves 50 people has 50 woes; he who loves no one has no woes.- Buddha's quote

That's what I read from somewhere.

Am I depressed?

If you ever ask me...
'If you knew that you were going to die tomorrow, are you going to do what you are doing right now?'

I will definitely say 'NO'. Then why am I doing these things now? I have no idea...
What a shame! Why I can't fight for what I want... The truth is I m not sure what I want to do either... I m not sure the thing that I really want. I m lost... I am such a pathetic human being...

Sometimes, I m asking myself that am I going to die like this? What is the reason I came to this life? I know I know I have to remove datehti.
Yesterday, I told my colleague If I ever die right now, I will not feel sad nor anything coz I attach to no one...
I keep saying that I wanna be thortapan...
I wanna do anything that make me become thortapan... but am I doing Now? 'NO'... coz I think I will not die tomorrow... but no no that's wrong... nobody knows when they are going to die.. ppl are like walking in the dark... do I know that? Yes! do I realize that? No... coz it's just the thing that I heard ... I m so disappointed myself... why I can't let go of everything...

Labels:


0 comments

Baby,top. || 9:19 AM
ဗိုလ်ချုပ်မွေးနေ့ (13.02.1915)

Happy Birthday!


****************************************************************************

ဒီနေ့ဟာ ကျွန်မတို့ နိုင်ငံ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို
ကျွန်မ သူငယ်ချင်း အရိပ်ရဲ့ မွေးနေ့လဲဖြစ်ပါတယ်

****************************************************************************
သဲရင်း မွေးနေ့မှာ ပျော်ရွှင်ပါစေကွာ~~~

0 comments

Baby,top. || 3:06 PM
တွေ့ရ ကြုံရ ပေါ်လီ ဘဝ
"လူအမျိုးမျိုး၊ စိတ်အထွေထွေ။ အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ တွေ့ရ" ဆိုသလို
ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ ပေါ်လီတက်တုန်းက အတွေ့အကြုံလေးတွေကို ပြန်ပြောပြချင်ပါတယ်။

----------------------------------------------------------------------------------

ကျောင်းစဖွင့်တဲ့နေ့မှာ ကျွန်မ အစောကြီးထပြီး မလေးနဲ့အတူ ကျောင်းကို သွားခဲ့ပါတယ်။ မလေးက ကျွန်မတက်ရမယ့် ကျောင်းမှာ နောက်ဆုံးနှစ်တက်နေတဲ့ စီနီယာပါ။ သူက ကျွန်မကို အတန်းထဲထိ လိုက်ပို့ပေးပါတယ်။ ဖြစ်ချင်တော့ ကျွန်မရဲ့ timetable ကို ကြည့်ပြီး ၀င်သွားတဲ့ အခန်းမှာ ဆရာမရော၊ ကျောင်းသားတွေကပါ ကျွန်မတို့ကို အူကြောင်ကြောင်နဲ့ ကြည့်နေကြပါတယ်။

ဆရာမကလည်း ကျွန်မတို့ကို ဘာကိစ္စလဲဆိုတဲ့ သဘောနဲ့ ထလာပါတယ်။ မလေးက ဒါ tutorial group-12 လာလို့ မေးတော့ ဆရာမက မသိပါဘူး။ ရှေ့တန်းမှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကို ကျွန်မရဲ့ timetable ပြပြီးမေးတော့ သူက အူကြောင်ကြောင်နဲ့ ပြန်ကြည့်ပြီး ဘာမှ မပြောပါဘူး။ ကျွန်မတို့လည်း အတန်းမှားဝင်လာသလားလို့ စိုးရိမ်းစိတ် ၀င်ပြီး အတန်းထဲက အမြန်ထွက်လိုက်ကြပါတယ်။ အမှန်က ကျွန်မတက်ရမယ့် အခန်းက မှန်ပါတယ်။ ကိုယ်သင်ရမယ့် tutorial group No ကို မသိတဲ့ ဆရာမနဲ့ အူကြောင်ကြောင်ကျောင်းသားကြောင့် ကျွန်မ ပထမဆုံးတက်ရမယ့် နှစ်ချိန်ဆက် အတန်း လွတ်သွားခဲ့ပါတယ်။


lecture အခန်းထဲ မ၀င်ခင် ကျောင်းသားကဒ်နဲ့ scanလုပ်မှ present ဖြစ်တဲ့အကြောင်း၊ canteen က ဘယ်နားမှာရှိတဲ့အကြောင်း မလေးက ပြောပြ၊ လိုက်ပြပါတယ်။ ကျွန်မ စာအုပ်မ၀ယ်ရသေးတဲ့ အတွက် စာအုပ်ဝယ်ဖို့ ကျွန်မတို့ IT အဆောင်မှာရှိတဲ့ မိတ္တူဆိုင်မှာ တန်းစီးရပါတယ်။ ကျွန်မ အရှေ့မှာ တန်းစီနေတဲ့ ကောင်လေးရဲ့ လက်ထဲက စာရွက်ကို ကြည့်မိတော့ ကျွန်မနဲ့ tutorial group တူနေတာ သိလိုက်တဲ့ အတွက် ၀မ်းသာအားရ သူ့ကို စကားစပြောပြီး မိတ်ဆက်လိုက်ပါတယ်။

နောက် ကျွန်မတို့တွေ course coordinator နဲ့တွေ့တော့ course coordinatorက ပြင်သစ် နဲ့ Marketing ကြိုက်ရာရွေးတဲ့။ အမှန်က ပြင်သစ်၊ ဂျပန် ၊ Marketing သုံးခုထဲက ရွေးရမှာပါ။ ကျွန်မ ပေါ်လီ မတက်ခင် စဉ်းစားထားတာက ဂျပန်ဘာသာယူမယ်ပေါ့။ ကျွန်မက ဂျပန်စကားကို ငယ်ငယ်ထဲက ချစ်ပါတယ်။ သူတို့ အော်၊ အော်ပြီး စကားပြောတဲ့ အမူအရာကို အကြိုက်ဆုံးပါ။ Yakuza တွေပြောတဲ့ စကားဆို ပိုကြိုက်ပါတယ်။ ဟိ... ဒါပေမယ့် ကျွန်မ မြန်မာနိုင်ငံမှာ နေတုန်းက ဂျပန်စာ သင်မယ်ဆိုတဲ့ အတွေးလေးနဲ့တင် ရပ်နေပြီး သင်တန်းတက်ဖို့ထိ မကြိုးစားခဲ့ပါဘူး။

အဲ့ဒါကို ပြန်တွေးတိုင်း နောင်တရမိတာကြောင့် ကျွန်မ ပေါ်လီရောက်ရင် ဂျပန်ဘာသာ ယူပစ်မယ်ဟဲ့လို့ အားခဲထားခဲ့ချိန်မှာ ပြင်သစ် နဲ့ Marketing ထဲက ကြိုက်ရာရွေးတဲ့။ ကျွန်မက ဂျပန်ဘာသာ တက်ချင်တာလို့ course coordinator ကိုပြောတော့ သူက ဂျပန်ဘာသာ တက်တဲ့လူတွေ သိပ်များနေလို့ မရတော့ဘူးတဲ့။ ကျွန်မ တော်တော် စိတ်ပျက်သွားတာကြောင့် ဘာမှကို မရွေးချင်တော့ပါဘူး။ မလေး တိုက်တွန်းတဲ့ ပြင်သစ် ဘာသာကိုပဲ ရွေးလိုက်ပါတယ်။ ခုနက စလုံးကောင်လေးကလည်း ပြင်သစ် ဘာသာပဲ ယူတာပါ။

နောက်တော့ သူက စိတ်ပြောင်းပြီး Marketing ပြောင်းမယ်တဲ့။ ကျွန်မက သူငယ်ချင်း အဖော် မရှိမှာ ကြောက်လို့ သူပြောင်းတဲ့ Marketing လိုက်ပြောင်းလိုက်တာမှာ ကျွန်မကိုယ်ကျွန်မ ဒုတိယအကြိမ် အကြီးအကျယ် နောင်တရစေပါတယ်။ ပြင်သစ် ဘာသာကို ယူလိုက်ရင်တောင်မှ ဘွန်ဂျူကို ဘယ်လို ပြောရလဲ၊ ရေးရလဲ သိဦးမယ်။ အခုတော့ Marketing သာ တက်လိုက်တယ် ဘာဆို ဘာမှ မသိလိုက်ပါဘူး။


ကျွန်မ သူငယ်ချင်းရပြီဆိုပြီး ကျွန်မရဲ့ အမလည်း ကျွန်မကို စိတ်ချစွာ ထားခဲ့ကာ သူ့စာသင်ဆောင်ဘက် ပြန်သွားပါတယ်။ ကျွန်မလည်း ၀မ်းသာအားရ ထိုစလုံး ကောင်လေးနောက် တကောက်ကောက်လိုက်တဲ့ အချိန်မှာ ဇာတ်လမ်းက စပါတော့တယ်။

ကျွန်မကို "ဘယ်နိုင်ငံကလဲ" မေးပါတယ်။ ကျွန်မက "မြန်မာနိုင်ငံ"ကဆိုတော့ သူက မြန်မာနိုင်ငံကို မကြားဖူးဘူးတဲ့။ အဲ့ဒါနဲ့ ကျွန်မက "ဟို... ထိုင်းနိုင်ငံ ဘေးက နိုင်ငံ"လို့ ပြောတော့ သူက ထိုင်းနိုင်ငံ ဘေးက ရွာလေးတစ်ရွာက လာတယ်လို့ ထင်ပါတယ်။ ထိုင်းနိုင်ငံကို လူတိုင်းသိပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံဘေးက မြန်မာနိုင်ငံကိုတော့ မသိသူအတော်များပါတယ်... ကျွန်မလည်း ပြောချင်စိတ်မရှိလို့ ရှင်းပြမနေတော့ပါဘူး။ တော်တော် ပထ၀ီ ညံ့တဲ့လူပဲလို့ မှတ်ချက်ချလိုက်ပါတယ်။

သူက မပြီးသေးပါဘူး ကျွန်မကို အထင်သေးတဲ့ အမူအရာနဲ့ "နင် မိတ်ကပ် ဘယ်လို လိမ်းရမလဲ မသိဘူး မဟုတ်လား" လို့ မေးပေမယ့် ကျွန်မက မိတ်ကပ်မလိမ်းတတ်တာကို ဂုဏ်ယူတဲ့အတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ "အင်း လိမ်းတတ်ဘူး"လို့ ပြုံးပြီး ပြောလိုက်တော့ သူက မဲ့ပါတယ်။ "နင်ကတောက လာတာဆိုတော့ ဘယ်လိမ်းတတ်မလဲ"တဲ့။ အဲ့ဒီ စလုံးကောင်လေးက တော်တော်ချောပါတယ်။ ကျွန်မကို အဲ့လို မဲ့တဲ့ အမူအရာကို မြင်လိုက်တဲ့ အချိန်မှာ ကျွန်မ သူ့ရဲ့ ချောတဲ့ ရုပ်ကို ဘယ်လိုမှ ခံစားလို့မရတော့ပါဘူး။


ပေါ်လီ တက်ခါစက ကျွန်မ မိတ်ကပ် မလိမ်းတတ်သေးပါဘူး။ ကျွန်မရဲ့ ဆံပင်က တင်ပါးကျော်ထိရှည်ပါတယ်။ မိတ်ကပ်မလိမ်းတတ်ခြင်းဟာ simple ဖြစ်တယ်လို့ ကျွန်မခံယူတဲ့အတွက် ဒီကောင်လေး မိတ်ကပ်မလိမ်းတတ်လို့ နှိမ်တာကို ကျွန်မ အံ့သြလို့ မဆုံးပါဘူး။

တစ်နေ့ ကျွန်မတို့ canteenမှာ ထမင်းအတူစားကြတော့ ကျွန်မက ဒရဲသားနဲ့ ထမင်းကြော် ၀ယ်စားပါတယ်။ ဒါကို မြင်ပြီး "နင်က ဗုဒ္ဓဘာသာ မဟုတ်ဘူး"တဲ့။
"နင်တို့နိုင်ငံက ဘာသာမရှိဘူး မဟုတ်လား"တဲ့။ ကျွန်မ အကြီးအကျယ် ဒေါသထွက်ပြီး "နင်မသိရင် ဘာမှမပြောနဲ့။ ငါတို့နိုင်ငံက ဗုဒ္ဓဘာသာ ၉၉.၉ ရာခိုင်နှုန်းရှိတယ်"လို့ ပိုပိုသာသာလေးပြောလိုက်ပါတယ်။
"ဒါဆို ဘာလို့ ဒီအသားစားလဲ"တဲ့
"ဟဲ့ ဗုဒ္ဓဘာသာက အသားသုံးမျိုးကလွဲလို့ အကုန်စားလို့ရတယ်။

၁။ ကိုယ်ကိုယ်တိုင် သတ်တဲ့ အသား
၂။ ကိုယ့်ကိုရည်စူးပြီး သတ်တဲ့ အသား
၃။ သူများသတ်တာကို မြင်တွေ့၊ ကြားသိတဲ့ အသားတွေကိုတော့ စားလို့မရဘူး" လို့ ပြောလိုက်ပါတယ်။ သူတို့လည်း ကျွန်မ အမူအရာကို လန့်သွားပြီး ဘာမှမပြောကြတော့ပါဘူး။

tutorial group တစ်ခုမှာ ကျောင်းသား အယောက်၂၀ ရှိပါတယ်။ ကျွန်မတို့ အခန်းမှာ မြန်မာ(ကျွန်မ) ၁ယောက် ၊မလေး ၂ယောက် က လွဲရင် အကုန် တရုတ်တွေပါပဲ။ ကျွန်မတစ်ယောက်ထဲ foreigner ပါ။ တရုတ်က အုပ်စုတောင့်တော့ အခန်းထဲမှာရော အပြင်မှာပါ တရုတ်လိုချည်း ပြောပါတယ်။ အစပိုင်းက ဘာမှန်းမသိတော့ သူတို့ သွားရာနောက် လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာမှာ ဂုဏ်ထူးရတဲ့လူရော၊ အောင်တဲ့လူရော အင်္ဂလိပ်လို တစက်မှ မပြောပါဘူး။ အင်္ဂလိပ်စာကျတဲ့ ကောင်မလေးတစ်ယောက်ကတော့ ကျွန်မကို သူတို့ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို အင်္ဂလိပ်လို ရှင်းပြပါတယ်။ အင်္ဂလိပ်စာ ကျတယ်ဆိုလို့ မအံ့သြပါနဲ့ စလုံး အင်္ဂလိပ်စာက တော်တော်မြင့်တယ်လို့ ကြားပါတယ်။ (သေချာ မသိပါဘူး။) ဒါကြောင့်ထင်ပါတယ် GCE O level စာမေးပွဲမှာ အင်္ဂလိပ်စာကျပေမယ့် ပေါ်လီတက်လို့ရတယ်တဲ့။ ကျွန်မတော့ ကြားကြားချင် အံ့သြလို့ မဆုံးပါဘူး။ ဟီး...

တစ်နေ့ practical အခန်းမှာ ကျွန်မတို့ အုပ်စုလိုက် assignment လုပ်ရတော့ ယောက်ျားလေး ၃ယောက်နဲ့ ကျွန်မ တစ်ဖွဲ့ကျပါတယ်။ အစက သူတို့ ကွန်ပျူတာရှေ့မှာ ကျွန်မ သွားရပ်ကြည့်နေပါသေးတယ်။ ဒါပေမယ့် ကျွန်မကို ဘာမှ မပြောတဲ့အတွက် ကျွန်မလည်း ဘာမှ မလုပ်ဘဲ၊ ကွန်ပျူတာရှေ့မှာထိုင်ပြီး ဟိုကြည့်၊ ဒီကြည့်လုပ်နေပါတယ်။ practical အချိန်ပြီးခါနီး ဆရာက ထပ်ရမယ်ပြောတော့ အုပ်စုခေါင်းဆောင် ကောင်လေးက ကျွန်မကို "နင်အဖြေတစ်ခု ပေးရမယ်"တဲ့။ "ဘာအဖြေမှ မပေးနိုင်ရင် နင်ဘာမှ မလုပ်ဘူးလို့ ဆရာ့ကို သွားပြောမယ်"တဲ့ သူတို့က သူတို့ စိတ်ကြိုက် အဖြေတွေပေးပြီးမှ ကျွန်မကိုပြောတာပါ။ ကျွန်မ စဉ်းစားထားတဲ့ အဖြေကို သူတို့က ပေးပြီးနေပါပြီ။ ကျွန်မ နောက်ထပ်စဉ်းစားလို့လည်း မရတော့ပါဘူး။ အစကတော့ အမှတ်ဘယ်လောက်ပေးမှာလဲ၊ ဘယ်လောက် လျှော့မယ်မှန်း မသိတော့ ကြောက်စိတ်ဝင်ပြီး တုန်တုန်ရင်ရင်တောင် ဖြစ်ပါတယ်။ သူက အချိန်နီးမှ ထပ်ခါထပ်ခါ ကျွန်မကို ပြောနေတော့ ကျွန်မလည်း စိတ်ရှုပ်ပြီး ဖြစ်ချင်ရာဖြစ် "အေး သွားပြောဟာ"လို့ အော်လိုက်တယ်။ သူတကယ်ပဲ ဆရာကို သွားပြောပါတယ်။ ဆရာက သူ့ကို လက်ကာပြပါတယ်။ ထားလိုက် ထားလိုက် ဆိုတဲ့ သဘောပါ။ ကံကောင်းချင်တော့ ဒီ assignment က ဘာမှ မဟုတ်ပါဘူး အခန်းထဲမှာ လေ့ကျင့်ရတာပါ။ အမှတ်လည်း မလျှော့ပါဘူး။ ဒါပေမယ့် ကျွန်မ သူတို့ကို တော်တော် ချဉ်သွားတာပါ။

ကျွန်မတို့ IT မေဂျာမှာ မြန်မာ နှစ်ယောက်ပဲ ရှားရှားပါးပါး ရှိပါတယ်။ tutorial group မတူပါဘူး။ lecture လည်း တခါတလေမှ တူပါတယ်။ International student တွေကို ခေါ်ပြီး ရှင်းလင်းပွဲလုပ်တဲ့ အချိန်မှာ အဲ့ဒီ တစ်ဦးတည်းသော မြန်မာ ကောင်လေးနဲ့တွေ့ပြီး ကျွန်မအဖြစ်ကို ပြောပြတော့ သူက သူတို့ အုပ်စုကလူတွေက ကောင်းတယ်။ သူတို့ အုပ်စုကို ပြောင်းလာပါလားတဲ့။ ကျွန်မလည်း ၀မ်းသာအားရနဲ့ ပြောင်းမယ်ပေါ့ ဘယ်သူ့ကို ပြောရမလဲ ဆိုတော့ course coordinator ကို သွားပြောတဲ့။ ကျွန်မကို သူလိုက်ပြောပေးပါတယ်။ course coordinatorက ကျွန်မရဲ့ group နံပါတ်ကိုမေးပြီး ကျွန်မကို ကျွန်မရဲ့ mentorနဲ့ စကားပြောခိုင်းပါတယ်။

ကျွန်မလည်း ၀မ်းသာအားရ၊ မျက်ရည်လည်ရွဲနဲ့ သူတို့ အင်္ဂလိပ်စကားမပြောတာက အစ ဖြစ်သမျှအကုန် ပြောပြပါတယ်။ ကျွန်မတို့ရဲ့ အုပ်စု mentor က ထိုင်ဝမ်ကပါ။ စလုံးအဖြစ် ခံယူထားတာ ကြာပါပြီ။ သူက ကျွန်မကို group မပြောင်းဖို့ ဖြောင်းဖြပါတယ်။ ပြီးတော့ သူတို့ "တရုတ်လို ပြောတာ နာလည်းပေးလိုက်ပါ"တဲ့။ ကျွန်မတို့ "မြန်မာ အချင်းချင်းတွေ့ရင်လည်း ကိုယ့်မိခင်ဘာသာစကားပဲ ပြောတာ မဟုတ်လား"တဲ့။ "သူတို့လည်း သူတို့ အချင်းချင်း တရုတ်လိုပဲ ပြောမှာပေါ့"တဲ့။ သူတို့ အချင်းချင်း တရုတ်လိုပြောတာ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ကျောင်းတို့၊ အလုပ်တို့မှာတော့ အင်္ဂလိပ်လို ပြောသင့်ပါတယ်။ သူတို့ နိုင်ငံရဲ့ first language က English လို့ဆိုထားတာပဲလေ။ သူတို့က တခြားလူမျိုးနဲ့ အင်္ဂလိပ်လို ပြောရမှာကို ၀န်ထုပ် ၀န်ပိုး ဖြစ်မနေသင့်ပါဘူး။ သူက ဆက်ပြောပါသေးတယ်။ သမီးက "အနံ့မရှိဘဲ လှပတဲ့ ပန်းကလေးနဲ့တူတယ်"တဲ့ (ရုပ်ကတော့လှပါရဲ့ အရည်အချင်းမရှိဘူးလို့ ပြောချင်တာထင်ပါရဲ့) ခုနက ကျွန်မကို အကျင့်ယုတ်တဲ့ ကောင်လေးက စာတော်တယ်တဲ့။ ကျွန်မက ရေသာခို အချောင်လိုက်ချင်လို့ ဖြစ်ရတာပေါ့လေ။ ကိုယ်သာ တော်နေရင် သူငယ်ချင်းမလိုပါဘူးတဲ့။ ကျွန်မလည်း မျက်ရည်သုတ်ပြီး "ဟုတ်ကဲ့ ကျွန်မ group မပြောင်းတော့ပါဘူး"လို့ သူ့မျက်နှာကို ကြည့်ပြီး ပြောလိုက်ပါတယ်။

အဲ့ဒီနေ့ကစလို့ ကျွန်မ တစ်ယောက်ထဲပဲ နေပါတော့တယ်။ သူတို့နဲ့လည်း မရောတော့ပါဘူး။ ကျွန်မ လိုတာရှိရင် သွားစကားပြောပါတယ်။ မလိုရင် စကားမပြောပါဘူး။ လမ်းမှာတွေ့ရင်လည်း ခေါ်ချင်မှခေါ်တယ်၊ မခေါ်ချင်ရင် မသိချင်ယောင်ဆောင်နေပါတယ်... ဟိ။ ကျွန်မကို နှိမ်သလိုလို နည်းနည်းလာပြောတာနဲ့ ချက်ချင်း ပြန်ပြောလိုက်ပါတယ်။ သူတို့လည်း ကျွန်မကို တော်တော် ရှိန်ပါတယ်။ ကျွန်မ ခပ်တည်တည်နေရင် ဘယ်သူမှ စကားလာမပြောရဲပါဘူး။

ကျွန်မတို့ semester တိုင်း အုပ်စု project လုပ်ရပါတယ်။ project အတွက် လူရှာလို့ပြောရင် ကျွန်မ ဘယ်တော့မှ မရှာပါဘူး။ ကျွန်မဆီ လာတဲ့လူကိုပဲ လက်ခံပါတယ်။ ကျွန်မရဲ့ projectအဖွဲ့က များသောအားဖြင့် သူတို့ မလိုချင်လို့ ပစ်ပယ်ထားတဲ့ လူတွေနဲ့ပဲ လုပ်ရပါတယ်။ အဲဒီသူတွေကတော့ မလေးကောင်လေး ၂ယောက်ရယ်၊ စကားပြောလျှင် ရေပန်း အလား သရည်ထွက်တဲ့ စကားမပီသော ဦးနှောက်နှေးတဲ့ ကောင်လေးတစ်ယောက်ရယ်၊ သူတို့မလိုချင်တဲ့ အင်္ဂလိပ်စာကျတဲ့ ကောင်မလေးရယ်ပါ။

project လုပ်တိုင်း အမြဲ ပြဿနာတက်ပါတယ်။ မလေး ကောင်လေး နှစ်ယောက်က project လုပ်ရင် ဘယ်တော့မှ ပေါ်မလာပါဘူး။ ၅ယောက်လုပ်ရမယ့် projectကို အမြဲ သုံးယောက်ပဲ လုပ်ရပါတယ်။ တရုတ်တွေနဲ့လုပ်ရင်လည်း အမြဲ ရန်အကြီးအကျယ် ဖြစ်ပြီးမှ ပြီးပါတယ်။ မှတ်မှတ်ရရ ပထမနှစ် first semester နဲ့ ဒုတိယနှစ် second semester မှာ တရုတ်ကောင်လေးတွေနဲ့ project လုပ်ရပါတယ်။ project နှစ်ခုလုံးမှာ ကျွန်မကို အကျင့်ယုတ်လို့ ကျွန်မနဲ့ ဂျပုတရုတ်ကောင်လေး တစ်ယောက်နဲ့ ရန်အကြီးအကျယ်ဖြစ်ပါတယ်။

ပထမနှစ် semester မှာ ကိုယ်လုပ်ရတဲ့ အပိုင်းတွေကို ပေါင်းကြတော့ သူ့ကွန်ပျူတာကို သုံးပြီး လုပ်တာပါ။ ကျွန်မက ကျွန်မ အပိုင်းမှာ ဖျက်စရာ တစ်ခုကျန်ခဲ့လို့ ဖျက်မလို့ ပြောတာကို ကျွန်မကိုင်လိုက်ရင် သူတို့ဟာတွေ ပျက်သွားမယ်ဆိုတဲ့ သဘောနဲ့ သူ့ကွန်ပျူတာ ပေးမကိုင်ပါဘူး။ ကျွန်မဒေါသထွက်လို့ မျက်ရည်လည်းကျ၊ အသားလည်း တဆတ်ဆတ်တုန်ပြီး နီးရာ thumb driveကို ကောက်ပေါက်လိုက်တာ တစစီကွဲသွားရော... ဒေါသကမပြေသေးလို့ ခုံကိုပါ တစ်ဒုန်းဒုန်း ထုပစ်လိုက်ပါတယ်... အကုန်လုံးလည်း လန့်ပြီး ကျွန်မကို ကြည့်နေကြပါတယ်။ ခုနက ဂျပုကောင်လေးကတော့ မျက်စိမျက်နှာပျက်ပြီး သူ့ကွန်ပျူတာနောက်က ချောင်းကြည့်ပါတယ်။ ကောင်လေး တစ်ယောက်ကတော့ ကျွန်မ thumb driveကို ပြန်ကောက်ပေးပြီး "TZ, are you ok?" တဲ့။

နောက်တစ်နေ့ ကျွန်မတို့ရဲ့ mentorကို သူတို့ သွားတိုင်ကြပါတယ်။ mentorက ကျွန်မကို ခေါ်တွေ့ပြီး 'ဒေါသထွက်ပြီး ခုံကိုထုတယ်ဆို' တဲ့။ 'ဟုတ်တယ်။ သူတို့က ကျွန်မကို သူ့ကွန်ပျူတာပေး မကိုင်ခိုင်းလို့' လို့ပြောတော့... သူတို့က ဆရာမကိုပြောတယ်တဲ့ 'ကျွန်မရဲ့ အပိုင်းက သူတို့ standard မမှီလို့ သူတို့ standard မှီအောင်လုပ်ပေးတာ' တဲ့။ ကျွန်မလည်း အဲ့ဒီဆရာမကို ကြည့်ပြီး 'ကျွန်မ အပိုင်းကို သူတို့ မသိဘဲ ဘာ standard မှီအောင် လုပ်ပေးချင်တာလဲ။ ကျွန်မ အပိုင်း သူတို့ standard မမှီလည်းနေပါစေ သူတို့ လုပ်ပေးလို့ရတဲ့ အမှတ်လည်း မလိုချင်ဘူး ကိုယ်လုပ်တဲ့ အမှတ်ပဲလိုချင်တယ်'လို့ အသံမြှင့်ပြီး ပြောလိုက်ပါတယ်။ ဆရာမလည်း ကျွန်မဒေါသထွက်နေမှန်းသိတော့ ကျွန်မကို နားလည်မှုလွဲတာပါဆိုပြီး ချော့မော့ ပြန်လွှတ်လိုက်ပါတယ်။

သြော် စကားမဆက် ကျွန်မက စနေသမီးပါ။ နေတက်၊ ရေတက်မှာ မွေးပါတယ်။ ကျွန်မ ငယ်ငယ်က အရမ်းဒေါသကြီးပါတယ်။ ကျွန်မ ဒေါသထွက်ရင် နားထင်ထိ ဆောင့်တက်ပြီး ပြန်ချလို့မရပါဘူး။ ကိုယ့်အသားနာမှ၊ ပစ္စည်းတွေ ကောက်ပေါက်မှ၊ ကျကွဲတဲ့ အသံကြားမှ ဒေါသလျော့ပါတယ်။ ကျွန်မ ဒါမကောင်းမှန်းသိလို့ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်တတ်အောင် လေ့ကျင့်ပါတယ်။ အခုဆို ဒေါသထွက်လာရင်တော့ ကျွန်မ အသိစိတ်ရှိနေတဲ့အတွက် ပစ္စည်းတော့ ကောက်မပေါက်တော့ပါဘူး။ အသားတွေ တုန်လာပြီး မျက်ရည်ပဲ ကျပါတော့တယ်။

ဒုတိယနှစ် second semester မှာတော့ ကျွန်မနဲ့ အဲ့ဒီဂျပုနဲ့ ပြန်ခေါ်ပြီး ပုလဲနံသင့်နေပါပြီ။ ဆရာက ညနေ ၅နာရီနောက်ဆုံးထားပြီး ပရောဂျက်ထပ်ရမယ်တဲ့။ နောက်ကျတဲ့ အဖွဲ့ကို အမှတ်လျှော့မယ်တဲ့။ ပရောဂျက် ထပ်ရမယ့်နေ့မှာ ဒင်းက တစ်ခါမှ မရဖူးတဲ့ A ကို မျှော်မှန်းပြီး ပရောဂျက် နောက်ဆုံးထပ်ရမယ့် အချိန် ၁နာရီ အလိုမှာ အသစ်ပြန်ပြင်ရေးပါတယ်။ သူရေးပြီးချိန်မှာ ညနေ ၅နာရီပါ... သူ့အပိုင်းက ကျွန်မ အပိုင်းနဲ့ ဆက်နေတော့ ကျွန်မရဲ့ အပိုင်းမှာ သူ့ကုတ်ကို ရေးထည့်ပေးရမှာပါ။ ကျွန်မက 'အေးပြီးရော ရေးပေးမယ်' လို့ ပြောလိုက်ပါတယ်။

ကျွန်မရေးနေတဲ့ အချိန်မှာ သူက နာရီကြည့်ပြီး 'ဟာ... အချိန်စေ့နေပြီ' တဲ့။ 'ငါ့အပိုင်းကို အရင်ထပ်လိုက်မယ်။ နင့်အပိုင်းကို နင်ပြီးမှထပ်' တဲ့။ ကျွန်မလည်း ရေးနေရာက ထပြီး 'နင်ထပ်ချင်ရင် အကုန်လုံးထပ်၊ နင့်ဟာ အရင်ထပ်မယ်ဆိုရင် ငါမရေးတော့ဘူး။ ငါ့အပိုင်းလည်း ထပ်မယ်။ ဒီဟာတွေက ငါ့အပိုင်းမဟုတ်ဘူး'လို့ ပြောလိုက်တော့ ကျွန်မကို အဲ့ဂျပုက 'Fuck you!' ဆိုပြီး lab ခန်းထဲမှာ အကျယ်ကြီး ထဆဲပါတော့တယ်။ ကျွန်မလည်း 'Fuck you back' လို့ ပြန်ဆဲလိုက်တော့ သူက 'Fuck around yourself' တဲ့။ (ဟီးဟီး ဒီစကားတွေကို အခုချိန် ပြန်တွေးမိတိုင်း ရယ်ချင်နေတုန်းပါပဲ။)

အကုန်လုံးလည်း ကျွန်မတို့ကို ၀ိုင်းကြည့်ကြရော... သူက ကျွန်မတို့ အတန်းထဲက တရုတ်တွေကို လိုက်ပြောတယ် 'သူက မရေးပေးဘူး၊ သူက မလုပ်ပေးဘူး' တဲ့။ ကျွန်မလည်း ပြန်ပြောချင်ပေမယ့် ထွက်နေတဲ့ ဒေါသကို ထိန်းချုပ်လိုက်ပါတယ်။ ကျွန်မအပိုင်းကို သူမှ မသိတာ သူဘယ်ရေးလို့ ရမလဲ။ ကျွန်မ မပါရင် ရေးလို့မရဘူး။ ကျွန်မလည်း ခပ်ပြုံးပြုံးပဲ တယောက်ထဲ ထိုင်နေလိုက်တယ်။ တစ်ခန်းလုံးက တရုတ်တွေက သူ့ဘက်ကပါ။ ကျွန်မကို ဘာမှ မပြောပါဘူး။ သူတို့ရုပ်တွေက ကျွန်မကပဲ အကျင့်ယုတ်ပြီး မရေးပေးသလိုလို။ ကျွန်မဆီကို ကောင်လေးတစ်ယောက်က လာပြီး 'TZ, are you ok?'တဲ့။ ကျွန်မက 'အင်း... ကောင်းတယ် ရေသွားထည့်မလို့ လိုက်မလား' လို့ မေးလိုက်ပြီး ရေသွားထည့်တဲ့ နေရာရောက်တော့ 'နင် သူတို့ဘက်က ပါမလား၊ ငါ့ဘက်က ပါမလား' လို့ မေးတော့ 'နင့် ဘက်မှာ ပါမှာပေါ့'တဲ့။ ဟိဟိ ကလေးဆန်ပေမယ့် ကျွန်မ အဲ့စကားကြားရတော့ တော်တော်အားတက်ပါတယ်။ သူ့ကိုလည်း တော်တော် ကျေးဇူးတင်ပါတယ်။


အဲ့ဒီကောင်လေးကတော့ ဦးနှောက်နှေးတဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပေါ့။ နှစ်စကနေ နှစ်ဆုံးထိ သူနဲ့ပဲ တွဲပါတယ်။ သူက အပြင်ပုံစံကသာ retarded ဖြစ်တာ စာအရမ်း ကြိုးစားပါတယ်။ အမှတ်လည်း တော်တော်ကောင်းပါတယ်။ ဘာမှမဟုတ်ဘဲ ဘ၀င်မြင့်နေတဲ့ ရုပ်ချောချော ကောင်လေးတွေထက် စိတ်သဘောထား ကောင်းပါတယ်။ သူဒေါသထွက်တာ တခါမှ မမြင်ဖူးပါဘူး။ သူများကိုလည်း အရမ်းကူညီတတ်ပါတယ်။ သူလည်း ကျွန်မလိုပဲ အပေါင်းအသင်း မရှိပါဘူး။ သူ့ကို ဘယ်သူမှ မပေါင်းသင်းချင်ကြပါဘူး။ ကျွန်မကတော့ သူနဲ့ သူငယ်ချင်းဖြစ်ရတာ ကံကောင်းတယ်လို့ ထင်ပါတယ်။

ပထမနှစ်ပြီးလို့ ဒုတိယနှစ်စတဲ့ အချိန်မှာ ကျွန်မတို့ရဲ့ mentor အခန်းထဲလာပြီး ကျွန်မကို "wow... မထင်ရဘူး... TZက တော်တယ်... ဆက်ကြိုးစားပါ"လို့ ချီးကျူးစကားပြောသွားပါတယ်။ ဒီအမှတ်တွေရဖို့ ကျွန်မ အသည်းအသန် မကြိုးစားခဲ့ပါဘူး။ ကျွန်မ သာမန်လုပ်လို့ ရတဲ့ အမှတ်တွေကို ချီးကျူးစကားပြောသွားတဲ့ အတွက်တော့ ၀မ်းသာပါတယ်။ ကျွန်မ ဘ၀မှာ ကျွန်မ အားသွန်ခွန်စိုက် ကြိုးစားတာဆိုလို့ ၁၀တန်းစာမေးပွဲ တစ်ခုပဲရှိပါတယ်။ ဒါပေမယ့် ကျွန်မ ဘာမှ မရခဲ့ပါဘူး။

ကျွန်မက သူများနဲ့ ပြိုင်ရမှာကိုလည်း ၀ါသနာမပါပါဘူး။ ၈တန်းတုန်းက အိမ်မှာ ၀ိုင်းသင်တဲ့ ဆရာမက ကျွန်မကို ပြိုင်ချင်စိတ်ရှိအောင် ဘယ်ကောင်မလေးကတော့ ဘယ်အပိုင်းကိုရသွားပြီ။ ဘယ်သူကတော့ အမှတ်ဘယ်လောက်ရတယ်။ တော်လိုက်တာလို့ ပြောတော့ ကျွန်မရဲ့ စိတ်ထဲမှာ "ဩော်... အင်း... တော်တယ်" လို့ပဲ ဖြစ်မိပါတယ်။ သူကတော့ ဒီလောက်ရပြီ ငါတော့ သူ့ထက်ကြောမှ ဖြစ်မယ်လို့ မတွေးမိပါဘူး။ ဆရာမက ကျွန်မကိုပြောသလို တခြားကောင်မလေးကို ပြောတော့ ကြိုးစားလိုက်တာတဲ့။ ကျွန်မနဲ့များ တခြားစီပဲလို့ ဆရာမကပြောပါတယ်။ ကျွန်မ စိတ်ထဲမှာတော့ ကျွန်မက သူမှမဟုတ်တာ။ သူစာတော်တာ ကျွန်မနဲ့မှ မဆိုင်တာလို့ပဲ တွေးမိပါတယ်။ ဘယ်တော့မှလည်း သူများနဲ့ယှဉ်ပြီး ကျွန်မကို ကြိုးစားဖို့ တိုက်တွန်းလို့ မရပါဘူး။

သူဟာ သူပဲ ဖြစ်သလို၊ ကျွန်မက ကျွန်မပဲဖြစ်ပါတယ်။ ဘယ်လိုလူမျိုးနဲ့မှ ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ ကျွန်မကိုယ် ကျွန်မ နှိုင်းယှဉ်စရာလို့ မထင်ပါဘူး။ ကျွန်မ ငယ်ငယ်ထဲက ကျွန်မလိုချင်တာ၊ ဖြစ်ချင်တာ၊ ကြိုက်တာ ဘာတစ်ခုမှလည်း မယ်မယ်ရရ မရှိပါဘူး။ ကျွန်မ အေးအေးချမ်းချမ်းပဲ နေချင်ပါတယ်။


ဒါပေမယ့် ကျွန်မကို နှိမ်ရင်တော့ ကျွန်မမှာ မရှိဘူးလို့ထင်ရတဲ့ အစွယ်တွေ ထွက်လာတတ်ပါတယ်။ ဒါကို ကျွန်မ ပေါ်လီပြီးချိန်မှာ ကောင်းကောင်းသိလိုက်ရပါတယ်။

ကျွန်မ အလုပ်မှာ ကျွန်မတို့ IT major က same batch တွေနဲ့ ပြန်တွေ့တော့ သူတို့က ကျွန်မကို သိနေကြပါတယ်။ "lecture ခုံ နောက်ဆုံးထောင့်မှာ တစ်ယောက်ထဲ ထိုင်ထိုင်နေတတ်တဲ့ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေး မဟုတ်လား"လို့ မေးတဲ့အခါ "ဩော်... ငါ ပေါ်လီတက်တုန်းက သူငယ်ချင်း မရှိခဲ့ရှာဘူးပဲလို့" ကိုယ့်ကိုယ်ကိုတောင် သနားမိပါတယ်။

ကျွန်မကို ပြောခဲ့၊ ဆိုခဲ့၊ နှိမ်ခဲ့တဲ့ လူတွေ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်သာ ကျွန်မ အခုလို အေးချမ်းပျော်ရွှင်စွာ တစ်ယောက်ထဲ နေတတ်ခဲ့တာပါ။

"ajahn brahm" ဆရာတော်ရဲ့ ဗုဒ္ဓတရားကို ဝေမျှ လိုက်ပါတယ်။



တစ်ယောက်ထဲ အေးချမ်းပျော်ရွှင်စွာ နေတတ်ကြပါစေ...

P.S မြန်မာလိုဟောတဲ့တရား မနာဘူးလို့ အင်္ဂလိပ်လိုဟောတဲ့ တရားပဲ မျှလိုက်ပါတယ်နော်။

Labels:


1 comments

Baby,top. || 1:48 PM
ရေနစ်သေတဲ့ ငါးပုံပြင်
ငါ မင်းကို ခင်းကျင်းပြသဖို့ စကားလုံးတွေ လိုက်ကောက်ခဲ့ဖူးတယ်
ရေနစ်သေတဲ့ ငါးပုံပြင်တွေ ကြိုက်ခဲ့ဖူးတယ်
'အိမ်မြှောင် တစ်ကောင်သာ ဖြစ်လိုက်ချင်တော့တယ် ကျွန်တော့်ကို နင်းချေ သတ်လိုက် ကြပါတော့'
မင်းရေးခဲ့တဲ့ ရည်းစားအတွက် ရည်းစားစာ
ဘယ်သူက အိမ်မြှောင် တစ်ကောင်ဖြစ်ပြီး ဘယ်သူက နင်းချေ ခဲ့တာလဲ
မင်းဆိုခဲ့တဲ့ နတ်သမီးပုံပြင်လေးလို အဆုံးသတ်လှချင်ပေမယ့်
မင်းပေးခဲ့တဲ့ စိတ္တဇညတွေ လွန်မြောက်ချိန်မှာ ငါ့ နှလုံးသားတွေ ........စီ
မင်းအတွက် ငါရင်ဘတ်က ဗလာဖြစ်နေမှ
'မင်းကို သတိရပါတယ်တဲ့' ဘယ်တုန်းက ကြားချင်ခဲ့တဲ့ စကားလုံးလေးတွေလဲ
ရေရွတ်မိတဲ့ စာကြောင်း တစ်ခု 'မင်းနဲ့ ပြန်ဆုံ ချင်ပါသေးတယ်'
အဆုံးသတ်တိုင်းဟာ ဒီလောက် နာကျင်မယ်ဆိုရင်
နောက်ထပ်........ ဘယ်တော့မှ .......

Labels: ,


3 comments

Baby,top. || 2:02 AM
ဝေးးး ဒီလ ရန်ကုန်ပြန်မယ်
ဘာလုပ်ရရင် ကောင်းမလဲ
စဉ်းစားလိုက်အုံးမယ်

Labels:


0 comments

Baby,top. || 8:59 PM
Profile



BitterSweet
♥ I am who you think I am ♥

everybody wants to be a somebody
nobody knows how to be a nobody
if ever there is a somebody
who knows how to be a nobody
then that nobody is a real somebody

if you ever want to be a nobody
then follow that somebody
who already is a nobody
(later) let go of everybody
even that somebody
who already is a 'nobody'
eventually you will be
a real nobody
Penang ဆရာတော်


Message



Friends

မော်ကွန်းသစ်
innerworks
မလေး
မဆုမွန်
လူလ
ညရဲ့ကောင်းကင်
သက်တန့်ချို
hay hay
lone lone
Jolene
Ting Ting
Pek Hwa



Total Visitors

   


Sent at 3:49 PM on Monday