<body>
BitterSweet

http://iwannabenobody.blogspot.com
ကျွန်မနှင့် ပထမဆုံးများ
မလေးက တက်ဂ်ထားတာကြာပြီ။ စာမရေးချင်တာနဲ့ မရေးဖြစ်ဘူး ဒီနေ့တော့ စာရေးချင်စိတ်နဲနဲရှိနေတာနဲ့ ရေးမယ်ကြံတော့ ကျွန်မနှင့် ပထမဆုံးများ တဲ့
ကျွန်မက ပထမဦးဆုံးတွေ နောက်ဆုံးတွေ မလိုအပ်ဘူးလို့ထင်ပါတယ် ကျွန်မစိတ်လဲမ၀င်စားဘူး မှတ်လဲမမှတ်မိဘူး မှတ်လဲမထားဘူး အဲ့တော့ ဒီပို့စ်ရေးဖို့ ကျွန်မအတွက် တော်တော်ခက်နေပါတယ်
ပထမဆုံးတွေရှိမှာပေါ့ ရေးရင်လဲ ဟိုတုန်းကလေ ဟိုဟာပေါ့နဲ့ ပြီးသွားလိမ့်မယ် အဲ့တာကြောင့် ကျွန်မသေသေချာချာ စဉ်းစားလို့ရရင် ရေးလိုက်ပါမယ် :D
----------------------------------------------
စဉ်းစားလို့ရသမျှလေး ရေးလိုက်ပါတယ်

၁။ ကျွန်မ မှတ်မိတာတစ်ခု အမေက ကျွန်မထမင်းစားမယ်ဆိုတော့ မြင်ခွာရွက်တွေ သုပ်ပေးနေရင် ကျွန်မကိုပြောသောစကား 'အမေက သမီးလေးကို ချစ်လို့ မြင်ခွာရွက်သုပ်ကျွေးတာနော်တဲ့' အမေက အဲ့လိုမျိုးချစ်လို့လုပ်ပေးတာနော် ဘာညာ မပြောတတ်ဘူး အဲ့တာပထမဆုံးပြောတာ (အမေ့ကို အရမ်းချစ်တယ်)

၂။ ငယ်ငယ်တုန်းက ကျွန်မ အစ်ကို သူ့ဘာသာ ပိုက်ဆံရှာပြီး ၀ယ်ပေးတဲ့ ပထမဆုံး ကောပတ် အရုပ်မ

၃။ ၁၇ ၁၈ နှစ်တုန်းက သူငယ်ချင်းတစ်ယောက်က သူပထမဆုံး ရတဲ့ လခနဲ့ ခေါက်ဆွဲကြော် ၀ယ်ကျွေးဖူးတယ်

၎။
ကျွန်မအတွက် အဖွားက ပထမဆုံးနဲ့ နောက်ဆုံး လုပ်ပေးခဲ့တဲ့ စိန်လက်စွပ်

၅။ ကျွန်မရဲ့ ပထမဆုံး လခနဲ့ ကျွန်မ မိဘကို ကန်တော့ခဲ့ပါတယ် (အမေက မျက်ရည်ဝဲပြီး ဆုပေးပါတယ်)

၆။ မနက်အစောကြီး ထပြီး ပထမဆုံးအကြိမ် ဘုရားပေါ်မှာ ကောင်မလေးတချို့နဲ့ တံမြက်စည်းလှည်း ခဲ့ဖူးပါတယ်

၇။ ပထမဆုံး အကြိမ် ကျွန်မ ဆရာမရဲ့ အဖေနဲ့ လမ်းလိုက်ပြင်ဖူးပါတယ် (ဆရာမတို့ အိမ်နားက လမ်းတွေက ချိုင့်တွေ ခွက်တွေနဲ့ လိုက်ပြီး မြေဖို့ အုတ်နီခဲထည့် လုပ်ရပါတယ်)

၈။ အဖေပို့ ပေးတဲ့ ပထမဆုံး မွေးနေ့ကတ်

၉။ ကျွန်မ အစ်မ အကြီးဆုံး ၀ယ်ပေးတဲ့ ပထမဆုံး လည်ဆွဲ (နောက်လဲ ရအုံးမှာပေါ့နော် ဟိဟိ )

၁၀။ ကျွန်မမောင်လေးဆီက ပထမဆုံး အကြိမ် ရဖူးတဲ့ မွေးနေ့လက်ဆောင် အရုပ် အဲ့နေ့ကတော်တော်ပျော်ခဲ့ပါတယ် (သူ့မုန့်ဖိုးထဲက ၀ယ်ပေးတာပါ)

၁၁။ ကျွန်မ ၇ တန်းနှစ်၊ မလေး ၈တန်းမှာ ဆရာမအိမ်မှာ သွားနေတုန်းက ကျွန်မတို့ ကိုယ့်အ၀တ်အစား ကိုယ်လျှော်ရပါတယ် ဒါပေမယ့် မလေးက ကျွန်မ အ၀တ်တွေကို လျှော်ပေးပါတယ် ပထမဆုံးနဲ့ နောက်ဆုံးပေါ့နော် အခုတော့ မလျှော်ပေးတော့ဘူး ဟီးဟီး

၁၂။ ပထမဆုံး ကျွန်မအပေါ်ကောင်းတဲ့ မိန်းကလေးသူငယ်ချင်းက ညိုညိုထွေးတဲ့ သူ့ကို နှစ်တန်းမှာတွေ့တာပါ ၃တန်းမှာ သူ တစ်နေရာကို ပြောင်းသွားတယ် ကျွန်မ သူ့ကို ဘယ်လောက်စွဲလန်းလဲဆို လေးတန်းပြီးလို့ ရန်ကုန်ပြောင်းတဲ့ အချိန်ထိ သူနဲ့အိပ်မက်ထဲမှာတွေ့တယ် အဲ့အိပ်မက်တစ်ခုထဲကိုပဲ ထပ်ခါထပ်ခါမက်တယ် အိပ်မက်ထဲမှာ ကျွန်မက တောင်ပေါ်လေးမှာ သူ့ကို စောင့်နေတယ် သူက တောင်အောက်ကနေ တက်လာပြီး ကျွန်မတို့တွေ့ကြတယ်

၁၃။
အဖေနဲ့ အတူ ထွက်ဖူးတဲ့ ပထမဆုံး ခရီး လွိုင်ကော်-ရန်ကုန် (ကျွန်မရယ် အဖေရယ်နှစ်ယောက်ထဲ သွားတဲ့ ခရီးမှာ မျက်နှာချင်းဆိုင်က ကျွန်မထက်၈နှစ်၉နှစ်လောက်ကြီးတဲ့ အစ်ကိုကြီးက သူ့အဖေနှဲ့နှစ်ယောက်ထဲ ခရီးထွက်လာတာပါ အဖေနဲ့သူ့အဖေလဲ တော်တော်လေးခင်ပြီး ကျွန်မနဲ့ အဲ့အစ်ကိုကြီးနဲ့လဲ အတော်လေးခင်ခဲ့ပါတယ် အဲ့အစ်ကိုက သန့်ပြီးချောတယ် သဘောလဲ အရမ်းကောင်းတယ် ကျွန်မကိုလဲချစ်တယ် ကျွန်မလုပ်ချင်တာအကုန်လိုက်လုပ်ပေးတယ် ညီမလေး ညီမလေးနဲ့နေတာပဲ ဟိဟိ ဘူတာ တစ်ခုမှာ ကျွန်မစားချင်လို့ တော်တော်လေးဝေးတဲ့ ဆိုင်မှာ ကျွန်မတို့နှစ်ယောက် မုန့်သွားဝယ်တာ.. ရထားကထွက်ဖို့ပြင်နေတဲ့အချိန် ကျွန်မတို့က ဆိုင်ထဲမှာပဲရှိသေးတယ် ကျွန်မရော သူရော မုန့်မယူပဲ ရထားဆီ အမြန်ပြေးရပါတယ် ကျွန်မတို့ရထားနားရောက်တော့ ရထားကတော်တော်လေးမြန်နေပြီ သူက ကျွန်မကို ချီပြီး နီးရာ ရထားပြူတင်းပေါက်ကနေ ထည့်ပေးလိုက်တယ် ကျွန်မကသူကျန်ခဲ့ပြီထင်နေတာ သူက တံခါးတန်းကို ကိုင်ပြီး ခိုစီးလိုက်လာရတယ် အဲ့လိုဖြစ်တာကျွန်မကို ဘယ်သူမှ မဆူဘူး အဲ့အစ်ကိုကြီးကဆို ရယ်တောင်နေသေးတယ် ကျွန်မကတော်တော် ငယ်တော့ သူ့တို့ဘယ်မှာ နေလဲ နာမည် ဘယ်လိုခေါ်လဲ မမှတ်မိတော့ဘူး အဲ့အစ်ကိုကြီးနဲ့ တွေ့ချင်သေးတယ်

Labels:




Baby,top. || 10:45 AM
Profile



BitterSweet
♥ I am who you think I am ♥

everybody wants to be a somebody
nobody knows how to be a nobody
if ever there is a somebody
who knows how to be a nobody
then that nobody is a real somebody

if you ever want to be a nobody
then follow that somebody
who already is a nobody
(later) let go of everybody
even that somebody
who already is a 'nobody'
eventually you will be
a real nobody
Penang ဆရာတော်


Message



Friends

မော်ကွန်းသစ်
innerworks
မလေး
မဆုမွန်
လူလ
ညရဲ့ကောင်းကင်
သက်တန့်ချို
hay hay
lone lone
Jolene
Ting Ting
Pek Hwa



Total Visitors

   


Sent at 3:49 PM on Monday