ငါ မင်းကို ခင်းကျင်းပြသဖို့ စကားလုံးတွေ လိုက်ကောက်ခဲ့ဖူးတယ်
ရေနစ်သေတဲ့ ငါးပုံပြင်တွေ ကြိုက်ခဲ့ဖူးတယ်
'အိမ်မြှောင် တစ်ကောင်သာ ဖြစ်လိုက်ချင်တော့တယ် ကျွန်တော့်ကို နင်းချေ သတ်လိုက် ကြပါတော့'
မင်းရေးခဲ့တဲ့ ရည်းစားအတွက် ရည်းစားစာ
ဘယ်သူက အိမ်မြှောင် တစ်ကောင်ဖြစ်ပြီး ဘယ်သူက နင်းချေ ခဲ့တာလဲ
မင်းဆိုခဲ့တဲ့ နတ်သမီးပုံပြင်လေးလို အဆုံးသတ်လှချင်ပေမယ့်
မင်းပေးခဲ့တဲ့ စိတ္တဇညတွေ လွန်မြောက်ချိန်မှာ ငါ့ နှလုံးသားတွေ တ...စ.....စီ
မင်းအတွက် ငါရင်ဘတ်က ဗလာဖြစ်နေမှ
'မင်းကို သတိရပါတယ်တဲ့' ဘယ်တုန်းက ကြားချင်ခဲ့တဲ့ စကားလုံးလေးတွေလဲ
ရေရွတ်မိတဲ့ စာကြောင်း တစ်ခု 'မင်းနဲ့ ပြန်ဆုံ ချင်ပါသေးတယ်'
အဆုံးသတ်တိုင်းဟာ ဒီလောက် နာကျင်မယ်ဆိုရင်
နောက်ထပ်........ ဘယ်တော့မှ ....... Labels: About me, My Feeling
Baby,top. || 2:02 AM